Sunday, June 9, 2013

မေမြို့ Enquiry အစည်းအဝေး


၁၉၄၇ ခုနှစ် ဧပြီလ (၁၅) ရက်နေ့မေမြို့(ယခုပြင်ဦးလွင်)တွင် မြန်မာပြည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ သတ်မှတ်သော အစည်းအဝေးကျင်းပသည်။ ၎င်းအစည်းအဝေးတွင် အစည်းအဝေးသို့တက်ရောက်လာသော ကချင်ကိုယ်စားလှယ်တို့က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၁၀) နေရာသတ်မှတ်ရန်တောင်းဆိုရာ ဗဟိုမှ (၇) နေရာသာ ပေးသည်။ ခန္တီးရှမ်းတို့က ၎င်းတို့ကိုလည်း တစ်နေရာပေးရန်တောင်းဆိုရာ ဗဟိုမှ မပေးဘဲပယ် ထားသည်။ ထိုအခါ ခန္တီးရှမ်းကိုယ်စားလှယ် တို့က ဒူဝါဇော်လွန်အား ကိုယ်စားလှယ်တစ်နေ ရာပေးရန်တောင်းသည်။ ကချင်ကိုယ်စားလှယ် ဘယ်သူကမှ မပေးချင်သော်လည်း ဒူဝါဇော်လွန်းက အမတ်နေရာ ပေးလိုက်ရသည်။
          ၎င်းမေမြို့ စုံစမ်းစစ်ဆေးရေး အစည်းအဝေးသို့ အနယ်နယ်အရပ်ရပ်မှ ကချင်ကိုယ်စားလှယ်(၅၀) တက်ရောက်လာသည်။ ၎င်း ခန္တီးရှမ်းလူကြီးများသည် မြစ်ကြီးနားသို့ပြန်ရောက်သောအခါ ကချင်ဦးစီးအဖွဲ့ ချုပ်အတွင်းရေးမှူး စတီဗင်ထံသွား၍ ခန္တီးရှမ်း အစည်းအရုံး ရုံးဖွင့်ရန်နေရာ ပေးရန် တောင်းလာပြန်သည်။ ကချင်ဦးစီးအဖွဲ့ ဥက္ကဌ ဆလန်ကရိုင်လ က မြစ်ကြီးနားမြို့၊ မြို့မရပ်ကက်ွတငွ် ယာယီနေထိုင်ခွင့်ပြုခဲ့သည်။ ဆလန်ကရိုင်လ သည် ကချင်သမ၀ါယမ အသင်းလူကြီးလည်းဖြစ်၍ နားလည်မှုနှင့် ကချင် သမ၀ါယမ ပိုင် မြေကက်ွတငွ် ယာယီနေထိုင်ခွင့်ပြုခဲ့သည်ကို ခန္တီးရှမ်း များက ယနေ့ထက်တိုင်နေထိုင်လျက်ရှိသည်။ ယင်းကာလသည် မြန်မာနိုင်ငံ လတ်ွလပ်ရေး ကြိုးပမ်းနေသည့်ကာလ ဖြစ်၍ ပြည်တငွ်းရေး ရှုပ်ထေွး နေချိန်ဖြစ်သောကြောင့် ကချင်လူမျိုးများက ခန္တီးရှမ်းများ နေထိုင်သည်ကို ကချင်လူကြီးများခွင့်ပြု၍ နေထိုင်သည်ဟုယူဆကာ မည်သို့မျှ ပြောဆိုတုံ့ပြန်မှု မပြုခဲ့ပါ။ ထို့အပြင် ခန္တီးရှမ်းများကို ယာယီနေထိုင်ခွင့်ပြုခဲ့သည့် ဆလန်ကရိုင်လလည်း ကွယ်လွန်ခဲ့သည်။ မကြာမီ မေမြို့ အစည်းအဝေးသို့ တက်ရောက်ခဲ့သော ခန္တီးရှမ်း လူကြီးများလည်း အားလုံး ကွယ်လွန်ကြသည်။
        ဤ သို့ဖြင့် မြစ်ကြီးနာမြို့၊ မြို့မ ရပ်ကကွ် ရှိ  ခန္တီးရှမ်း များ   ရိပ်သာ အဆောက်အဦး မူလပိုင်ရှင် မှာ ကချင်သမ၀ါယမ အသင်း ပိုင်ဖြစ်ကြောင်းသိရှိ ရပါသည်။ ရုံးခန်းဖငွ့် ရန် ကချင်လူကြီးများထံ နေရာ တောင်းခံ ခဲ့ သော ခန္တီးရှမ်း လူကြီးများမှာ
          ၁။ ဦးအောင်ဘ ( တိုင်းပြုပြည်ပြုလွှတ်တော်အမတ် )
          ၂။ ဦးရွှေသောင်း
          ၃။ ဦးလှ
          ၄။ စောနွဲ့စိတ္တ တို့ဖြစ်ကြသည်။

မေမြို့ Enquiry အစည်းအဝေး အပြီး ခန္တီးရှမ်းလူကြီးများသည် မြစ်ကြီးနားသို့ ရောက်ရှိလာပြီး ရုံးခန်းဖငွ့် ရန်မြေ နေရာတောင်းခံ ခဲ့ပုံ ကို မှတ်သားရသည်။


*** မှတ်တမ်း*** KUC

No comments:

Post a Comment