၁၉၄၆ ခုနှစ်
မတ်လ (၁) ရက်နေ့မှ မတ်လ (၁၂) ရက်နေ့အထိ ရှမ်းပြည် ပင်လုံတွင် အစည်းအဝေး ကျင်းပသည်။
မြစ်ကြီးနား အရေးပိုင် Colonel Wilkie မှ ဆလန်ကွမ်ရင်ဂမ် ကို ၎င်းအစည်းအဝေးသို့တက်ခိုင်း
သည်။
ဆလန်ကွမ်ရင်ဂမ်မိသားစုသည် ဂျပန်ခေတ်တွင်
အိမ်မီးလောင်ခဲ့သည်၊ ပစ္စည်းအားလုံး မီးထဲပါကုန် သည်။ မီးထဲမပါ သွားသော ပစ္စည်းဟူ၍ ဂျစ်ကားတစ်စီး
နှင့် ခြောက်ဘီးကားတစ်စီး သာကျန်ရှိသည်။
ခြောက်ဘီးကားကို
အမေရိကန်လေတပ် အရာရှိတစ်ဦးက ကျပ် (၁၂၀၀) နှင့်လာရောင်းသဖြင့် ဆလန်ကွမ်ရင်ဂမ်ဝယ်ထားလိုက်သည်။
ဂျစ်ကားမှာ ဒုတိယ ကမ္ဘာစစ်ကျန် ဂျစ်ကားအပျက်များမှ အစိပ်အပိုင်း များနှင့် တပ်ဆင်ယူခဲ့သော
ကားဖြစ်သည်။ ဆလန်ဒါမြာကမ် လည်း အမေရိကန်လေတပ် အရာရှိထံမှ ကား တစ်စီး ကျပ်တစ်ထောင်နှင့်
ဝယ်ယူရရှိခဲ့သည်။ ဆလန်ကွမ်ရင်ဂမ် အိမ်ဆောက်ရန် သစ်ဝါးများဝယ်ယူစု ဆောင်းနေစဉ် ပထမ ပင်လုံ
ညီလာခံ သို့သွားရန် အကြောင်းပေါ်လာသဖြင့် မော်တော်ကားဖြင့် ခရီးထွက်ခဲ့ လေသည်။ အဖေါ်အဖြစ်
မရမ်းရွာမှ ဆရာ လော့ခွမ်ဘောက် ကိုခေါ်သွားသည်။ မြစ်ကြီးနား ခရိုင်မှ ဆလန် ကွမ်ရင်ဂမ်
တစ်ဦးကိုသာ စေလွှတ်သည်။ သိန္နီ သို့ရောက်သောအခါ မှ ဆလန်ကွမ်ရင်ဂမ်နှင့်သိကျွမ်းကြပြီး
ဖြစ်သော သိန္နီ ဇော်ဘွား ကြီးနှင့် ၎င်း၏ ဘဏ္ဍာရေးမှူးတို့ နှင့် အတူ ခရီးဆက်ထွက်လာကြသည်။
ပင်လုံသို့ ရောက်သော အခါ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက် နှင့်တွေ့ကြသည်။ ညောင်ရွှေစော်ဘွား
စပ်ရွှေသိုက်က
မန်ခိန်ရွာနေ
Janitor ဖော်ဝီဂမ် မိသားစုကိုသတိရသည့် အကြောင်းပြောပြပြောဆိုရင်း ကြိုဆိုနှုတ်ဆက် သည်။
စပ်ရွှေသိုက်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတော် သမ္မတ ဖြစ်သည်။ မိုင်းပွန်စော်
ဘွားသည် ဆလန်ကွမ်ရင်ဂမ်အား တွေ့သောအခါ ဝမ်းမြောက်ဝမ်းသာ စွာဖြင့် `` ဗိုလ်ကြီး`` ဟုခေါ်ကာ
ကြိုဆိုခဲ့သည်။ ပင်လုံညီလာခံ မဏ္ဍပ်မှာ အလွန်ကြီးမား ခန့်ညားသပ်ရပ်ပြီး တိုင်အနည်းငယ်မျှ
နှင့်ဆောက် ထားသည်။ အဆောက်အဦး ကို အထိမ်းအကွပ် လုပ်ရာတွင် နှီး နှင့် အိမ်ရိုက်သံများမသုံးဘဲ
ရှမ်းအမျိုးသား တို့၏ ပြောင်မြောက်သော လက်ရာဖြင့် ဆောက်ထားသော မဏ္ဍပ်ကြီးဖြစ်ကြောင်း
သိရှိရသည်။ ပင်လုံ အစည်း အဝေးတွင် ဂဠုံ ဦးစော သည် သုံးနာရီကြာမိန့်ခွန်းပြောသွားသည်။
ဖ.ဆ.ပ.လ ခေါင်းဆောင်သခင်နု (ဦးနု) လည်းအစည်းအဝေးသို့တက်ရောက်လာသည်။ ဆလန်ကွမ်ရင်ဂမ်
ဦးနုနှင့်လည်း တွေ့ဆုံခဲ့သည်။ သို့ သော် ဦးနု က အထူးအထွေ ဘာမျှမပြောဘဲနေသည်။ ဆလန်ကွမ်ရင်ဂမ်သည်
နာမည် မမှတ်မိတော့သည့် ရှမ်းစော်ဘွားတစ်ဦးက (ဒုတိယ ကမ္ဘာစစ် မဖြစ်မီက အိုင်ယာလန်ထီပေါက်ဘူးသူ)
ဗမာနှင့် အတူလွတ်လပ် ရေး မယူဘဲ ရှမ်း ၊ ချင်း ၊ ကရင် ၊ ကယား ၊ မွန် ၊ ရခိုင် တို့နှင့်ပူးပေါင်း၍
ပြည်ထောင်စု ဖွဲ့စည်းရန် ရှမ်းက စီးပွားရေးနှင့် ဘဏ္ဍာရေး ကိုတာဝန်ယူပြီး ကချင် ၊ ချင်း
၊ ကရင် တို့်က ကာကွယ်ရေးကို တာဝန်ယူရန် ၊ ဘန်ကောက် မှ နေ၍ မော်လမြိုင် ၊ ထိုမှ ရှမ်းပြည်နှင့်
ကချင် ၊ ချင်း ပြည်နယ်သို့ မီးရထားလမ်းဖောက်လုပ်ပြီး ဆက်သွယ်ရေး ယန္တယား တည်ဆောက်ရန်
တင်ပြဆွေးနွေးသွားလေသည်။
အစည်းအဝေးမှ သိန္နီ စော်ဘွားအဖွဲ့နှင့် အတူပြန်လာ
ကြရာ သိန္နီရောက်ခါနီးရွာတစ်ရွာ၌ ခေတ္တနား ကြသည်။ ထိုအခါ စော်ဘွားကြီးထံ ရှမ်းအမျိုးသမီးတယောက်
ဒေါနှင့် မောနှင့် မကြေ မချမ်းသော အသံဖြင့် ရှမ်းလိုအကြာကြီးစကားပြောသွားလေသည်။ ၎င်းအမျိုးသမီးပြန်သွားသောအခါ
စော်ဘွားကြီးပြောပြ၍သိရ သည်မှာ ၎င်း အမျိုးသမီးတို့ရွာသို့ တရုတ်ဖြူတပ်များဝင်ရောက်လာပြီး
တရွာလုံးရှိ အမျိုးသမီးများကို မုဒိန်း ကျင့်သွားကြောင်း ၊ အဆိုပါ အမျိုးသမီး မှာ ထိုအချိန်တွင်
ရွာ၌ မရှိဘဲတောင်ယာသွားနေ၍သာလွတ်ခဲ့ ကြောင်းဖြင့်သိရသည်။ မှတ်သားဖယွ် တရုတ်ဖြူတပ်များ ၏ ယုတ်မာမှု ကိုသိခဲ့ရသည်။
ဆလန်ကမ်ွရင်ဂမ်သည် ထို မှတဆင့် သိန္နီ ၊ သိန္နီ တငွ် စော်ဘွားအဖွဲ့ ခရီးဆုံး ၍ ရပ်နားခဲ့လေသည်။
ထို မှတဆင့် ဆလန်ကမ်ွရင်ဂမ်သည် ဆရာ လော့ခွမ်ဘောက် နှင့်အတူ ခရီးဆက်၍ မြစ်ကြီးနားသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
*** မှတ်တမ်းပြန်လည်ရေးသားသူ - ကိုချို ၊ မန်ခိန် ။
No comments:
Post a Comment