၁၉၄၉ ခုနှစ်
တွင်ပြန်လည်ဖွဲ့စည်းထူထောင်သော ကချင်ယူနိုက်တက်ကုမ္ပဏီလီမီတက်သည် Public Company
Limited ဖြစ်ပြီး Burma Company Act နှင့်အညီဖွဲ့ စည်းသည်။ ကချင်ယူနိုက်တက်ကုမ္ပဏီလီမီ
တက် ၏ Memorandum စာမျက်နှာ (၆) အမှတ်စဉ် (၇)-(၁) အရ အစုစပ်ပါဝင်သူ ၅၀% သည် ကချင်လူမျိုး
များဖြစ်ရမည် ဟုဆိုထားသည်။ ကျန်သော အစုစပ်ပါဝင်သူများသည်လည်း တိုင်းရင်းသား များသာဖြစ်ရမည်။
တိုင်းရင်းသား မဟုတ်သူကို အစုရှယ်ယာ ၀ယ်ယူခွင့် နှင့် မှတ်ပုံတင်ထုတ်ပေးခြင်း မပြုလုပ်ရဟုဖေါ်ပြထား
သည်။
အစုစပ်ငွေရင်း Share Capital သည် (၁၀၀၀၀၀၀)
ကျပ်ဆယ်သိန်း ဖြစ်ပြီး သာမန်အစု ရှယ်ယာ ပေါင်းမှာ တစ်သိန်းဖြစ်ကာ အစုရှယ်ယာတစ်စုလျှင်
(၁၀) တစ်ဆယ်ကျပ်ဖြစ်သည်။ ၁၉၅၂ ၊ ၅၃ ခုနှစ်တွင် ကချင်ယူနိုက်တက်ကုမ္ပဏီလီမီတက် တွင် အစုစပ်ပါဝင်သူ
Share Holders (၃၀၀) ကျော်ခန့်ရှိသော်လည်း ငွေရင်းသည် (၉၇၀၀၀) ကျပ်ကိုးသောင်းခုနှစ်ထောင်သာရှိသည်။
၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရက Public Company Limited နှင့် ပတ်သက်၍ ပါလီမန်တွင်
ဥပဒေ တစ်ရပ်ပြဌာန်းလေသည်။ ၎င်းဥပဒေ အရ Public Company Limited တွင်ရင်းနှီးငွေ (၂၀၀၀)
ကျပ်နှစ်ထောင် ထည့်ဝင်သော အစုစပ်သူပေါင်း အနည်းဆုံး (၅၅) ယောက်ရှိရမည်ဖြစ်ပြီး ကုမ္ပဏီ
၏ အစုစပ်ငွေရင်း အနည်းဆုံး (၁၅၀၀၀၀) ကျပ်တစ်သိန်းငါးသောင်း ဟုဆိုထား သည်။ ထို့ကြောင့်ကချင်ယူနိုက်တက်ကုမ္ပဏီလီမီတက် ကို ၁၉၅၂
ခုနှစ် ဥပဒေ နှင့်အညီဖြစ်လာရန် ဒါရိုက် တာ လူကြီးများ ကကြိုးပမ်းလာခဲ့ရာ ၁၉၅၅ ခုနှစ်တွင်
အစုစပ်ပါဝင်သူပေါင်း (၃၃၈) ယောက်နှင့် အစုစပ်ငွေ ရင်း စုစုပေါင်း (၁၅၀၀၀၀) ကျပ်တစ်သိန်းငါးသောင်း
ရှိခဲ့သည်။
ဤသို့ဖြင့်ကချင်လူမျိုးများ ပထမဆုံး စီးပွါးရေး လုပ်ငန်းဖြစ်သော ကချင်ယူနိုက်တက် ကုမ္ပဏီလီမီတက် ကိုစတင်တည်ထောင်၍ စီးပွါးရေး လုပ်ငန်းဖက်တငွ် စတင် ခြေလှမ်းခဲ့ မှု များကို မှတ်သားတွေ့ရှိရပါသည်။
ကချင်သမဝါယမအသင်းပိုင်မြေကွက်ခွဲဝေခြင်း
၁။ ကချင်ကော်ပိုရေးတစ် အသင်းပိုင် မြေကွက်ကို
ဆလန်ကရိုင်လ ဦးဆောင်၍ ဆရာ လုတ်ဘောင်(မရမ်းရွာ) ၊ ဆရာကျန်းလုတ် တို့က ၁၉၄၉ ၊ ၅၈ ခုနှစ်တွင်
အသင်းသူအသင်းသားများကိုခွဲဝေ ပေးခဲ့သည်။ ထိုအချိန်တွင် မြစ်ကြီးနား အရေးပိုင်သည် ဒူဝါ
ဇော်ဂျွန်း ဖြစ်သည်။ အသင်းသူ အသင်းသား အားလုံးကို
မြေကွက်များပေးနိုင်ရန် ဆောင်ရွက်ရာတွင် ယခင် ဆေးရုံဝင်း (ယခုလူထုအခြေပြုစင်တာ-မြို့မရပ်ကကွ်) ၏ မြောက်ဘက်ရှိ ယခင်ရဲဝန်ထမ်းများနေခဲ့သော
မြေကွက်နှင့် ကျောက်တိုင်ဈေး၏မြောက်ဘက်ရှိ မြေကွက်များကိုပါစီစစ်ပြီး ချထားပေးခဲ့သည်ဟုသိရသည်။
ဝိုင်းမော် ကူးတို့ဆိပ်မှ စည်ပင်သာယာရုံး
အထိ မြစ်ကမ်းနားတစ်လျှောက်တွင် တဲအိမ် (၃၀၀) ကျော် တွင်နေထိုင်နေကြသော တောင်ပေါ်ကချင်များကို
အရေးပိုင်က စီတာပူသို့ရွှေ့ပြောင်းနေထိုင်ကြရန်အတန်တန် သတိပေးသော်လည်း မရသည့်အဆုံး၌
Bulldozer မောင်းလာပြီး ကိုယ်တိုင်လာ၍ ရှင်းခဲ့သည်။
၂။ ဒူဝါ ဇော်ရစ်သည် ကချင်သမ၀ါယမ အသင်းဝင်လူကြီးဖြစ်သော်လည်း
ရှမ်းစုတောင်တွင် ကိုယ်ပိုင် အိမ်ယာမြေ ရှိသူဖြစ်သဖြင့် မြေကွက်မရချေ။
၃။ ကချင်ကော်ပိုရေးတစ်စခန်းမြေကွက်ကြီးကို
အိမ်မြေကွက် (၃၂) ကွက်အကွက်ရိုက်သည်။ ကချင် ကော်ပိုရေးတစ် အတွက်မြေကွက် (၂) ကွက်ပေးထားသည်။
၎င်း မြေကွက်နှစ်ကွက်ကို ကချင်ယူနိုက်တက် ကုမ္ပဏီလီမီတက်မှဆက်ခံသည် ၊ အိမ်အမှတ်( ) ဖြစ်သည်။
၎။ ယခင်က KNC (Kachin National
Congress) အဖွဲ့ရုံးနှင့် Pawng Yawng Ram Rawt Hpung (The Kachin Youth League) အဖွဲ့ရုံးဖွင့်လှစ်ခဲ့သော
နေရာတွင် ယခု ကမ္ဘောဇဘဏ်လီမီတက် အဆောက် အဦးကိုတွေ့ရှိရသည်။
မြန်မာ နိုင်ငံ လတ်ွလပ်ရေးရခါစ ကချင် သမ၀ါယမ အသင်းပိုင် မြေကက်ွများ အသင်းဝင်များထံ ခွဲ ဝေ ခဲ့ ကြောင်းသိရသည်။
*** မှတ်တမ်း*** KUC
No comments:
Post a Comment