၁၉၄၇ ခုနှစ်
ဖေဖဝါရီလ တွင် ပင်လုံ ၌ကျင်းပသော အစည်းအဝေးပြီးဆုံးသောအခါ ကချင်အမျိုးသား များသည် နိုင်ငံရေး
အဖွဲ့အစည်းများ ဖွဲ့စည်းကာ လူထုကို စည်းရုံးလှုပ်ရှားလာကြသည်။ မန်ခရိန် ရွာတွင်စတင်
ဖွဲ့စည်းသော Pawng Yawng Ram Rawt Hpung ကိုမြန်မာ လို ကချင် တက်လူငယ်များ အစည်း အရုံးဟု
ခေါ်တွင်ပြီး အင်္ဂလိပ် လို The Kachin Youth League ဟုအမည်ပေးသည်။ ၎င်း လူငယ်အဖွဲ့အစည်း
ကို မြစ်ကြီးနား ခရိုင်ရှိမြို့တိုင်းနှင့် ရွာကြီးများတွင် ဖွဲ့စည်းပြီး ဗန်းမော်
၊ မိုးမိတ် ၊ သိန္နီ သို့တိုင်အောင်ဖွဲ့စည်းခဲ့ သည်။ အဖွဲ့ ၏ ဥက္ကဌ မှာ ဆလန် ကင်ရောတန်ဂွမ်း
ဖြစ်ပြီး ၊ ဒုတိယ ဥက္ကဌ မှာ ဆလန်ဒါမြာကမ် တို့ဖြစ်သည်။ မြစ်ကြီးနား ခရိုင် ဥက္ကဌ မှာ
ဆလန် ဖေါ်ဝီဆန်နီ ဖြစ်သည်။ ဒူဝါဇော်ရစ် ပင်လုံမှ ပြန်လာသောအခါ အဖွဲ့ချုပ် ဥက္ကဌ နေရာကို
ဒူဝါဇော်ရစ်အားပေးလိုက်သည်။ ဆလန်ကင်ရောတန်ဂွမ်းသည် မကြာမီ ဆမားဒူဝါ ဆင်ဝါး နောင်၏ အတွင်းရေး
အတွင်းဝန်ဖြစ်လာသည်။
၁၉၄၉ ခုနှစ် ဇန္နဝါရီလတွင် ကျင်းပသော ကချင်ပြည်နယ်နေ့
မနောပွဲသို့ မန္တလေး ဖ.ဆ.ပ.လ ဆိုရှယ် လစ်ပါတီမှ ကချင်လူငယ်များအစည်းအရုံးသို့ ချစ်ကြည်ရေးဟုဆိုကာ
မောင်းလက်ဆောင်လာပေးသွားသည်။ ၎င်း မောင်းနှင့် အခြားအသင်းပိုင်ပစ္စည်းများကို အဖွဲ့ချုပ်
တွင် တာဝန်ထမ်းဆောင်သူအချို့မှ ကိုယ်ကျိုး
အတွက်သုံးလိုက်ကြသည်ဟုသိရသည်။ ၎င်း နှစ်တွင်
ပထမဆုံး ကချင်လူငယ်အစည်းအရုံးတွင်
အဖွဲ့ချုပ်အတွင်းရေးမှူးဖြစ်ခဲ့သူ ဆိုင်းခွမ် ( Seng Hkum ) သည်တရုတ် ပြည်သို့ပြန်သွားသည်။
ဆိုင်းခွမ် သည် ရှရဲခွမ်အနွယ်ဝင်ဖြစ်ပြီး ၎င်း၏ ဇာတိမှာ တရုတ် ပြည်ဖြစ် သည်။ နောက်ပိုင်းတငွ် တရုတ်အစိုးရက
ဆိုင်းခွမ်အား ပြန်ကြားရေးဌာန တွင်တာဝန်ပေးထားသောကြောင့် ဆိုင်းခမွ် သည် ကချင်ပြည်နယ်သို့ ပြန်မလာ တော့ကြောင်းသိရပါသည်။
၁၉၅၁ ခုနှစ်တွင် ကချင်ပြည်နယ်ကောင်စီ
သဘာပတိ တာဝန်ထမ်းဆောင်နေသော ဒူဝါဇော်ရစ်သည် မြစ်ကြီးနားမှရန်ကုန်သို့ ပြန်လာသောအခါ
ရန်ကုန်လေဆိပ်၌
ခေက္ကအဖမ်းခံရလေသည်။ အချုပ်ခန်းတွင် အချုပ်ခံနေရသော
ဒူဝါဇော်ရစ်အား သူနှင့် အတူ ဒုတိယ ကမ္ဘာစစ် တုံးက ရှမ်းပြည်နယ် လေထီးတပ်ဖွဲ့တငွ် အတူ တာဝန်ထမ်းဆောင် လေထီးခုန်ဆင်းခဲ့သူ ထွန်းလှ
ရောက်လာပြီး အချုပ်ခန်းမှခေါ်ယူသွားခဲ့သည်။ ထွန်းလှ သည် ထိုအချိန်က အတွင်းဝန်များရုံး
အပေါ်ဆုံးထပ်တွင် (SB) ဝါယာလက် ဌာနတွင်တာဝန်ထမ်းဆောင်လျက် ရှိသည်။ ထို့ကြောင့်ထနွ်းလှ သည်လုပ်ပိုင်ခငွ့်အတန်အသင့် ရှိသူဖြစ်ကြောင်းသိရသည်။ ၎င်းသည် ရှမ်းတရုတ်လူမျိုးဖြစ်ကြောင်း ပေါင်းသင်းဆက်ဆံရေးကောငးမွန် ပြီး ဖ.ဆ.ပ.လ သခင်သာခင် နှင့်လည်းရင်းနှီးသိကျွမ်းသူဖြစ်သည်။
ပေါင်ယောင် မုန်ဘောင်ဂင်ဂျော့
Pawng Yawng Mung Bawng Ginjaw ကို
Jinghpaw Mung Bawng Ginjaw ဟုလည်းခေါ်ဆိုကြ သည်။ ၎င်းအဖွဲ့၏ ဥက္ကဌ မှာ ဆလန်ကရိုင်လဖြစ်ပြီး
ဒုတိယ ဥက္ကဌသည် ဆလန်ဒိန်ရတန်ဖြစ်သည်။ အတွင်း ရေးမှူးမှာ မရန်စတီဗင် ဖြစ်သည်။ ၎င်းအဖွဲ့
အစည်းကို ဒူဝါဇော်လွန်း နှင့် ဗန်းမော်လူကြီးများသာမက ဆမား ဒူဝါဆင်ဝါးနောင် တို့ပါအားပေးထောက်ခံခြင်းမရှိသဖြင့်
အားကြိုးမာန်တက်စည်းရုံးလှုပ်ရှားခြင်းမရှိချေ။ ဗန်းမော်နယ်မှ ဒူဝါ ၊ ဆလန်ဝါ တို့သည်
အင်္ဂလိပ်အစိုးရမှပေးသော တောင်တန်းဒေသအုပ်ချုပ်ရေး ကျေးရွာ ကောင်စီ ၊ ခရိုင်ကောင်စီ ပုံစံကိုသာ
နိုင်ငံရေးအဖွဲ့အစည်းထက်ပို၍နှစ်သက်ယုံကြည်မှုရှိကြသည်။
ထိုအချိန်က ကချင်လူမျိုးတို့ ကို နိုင်ငံရေးနယ်ပယ်တငွ် အဓိက ဦးဆောင်မှုပြုနေ သော ကချင်လူကြီး အများစုမှ ထောက်ခံမှု မ ပေး သဖြင့် Jinghpaw Mung Bawng Ginjaw အဖွဲ့အစည်းသည် သက်တမ်းရှည်ကြာ မလှုပ်ရှားနိုင်ခဲ့ကြောင်းမှတ်သားရပါသည်။
*** မှတ်တမ်းပြန်လည်ရေးသားသူ - ကိုချို ၊ မန်ခိန် ။
No comments:
Post a Comment