၁၉၄၇ ခုနှစ်
ဖေဖဝါရီလတွင် ကျင်းပသော ဒုတိယ အကြိမ်ပင်လုံ၌ ကျင်းပသောညီလာခံသို့ ကချင် တိုင်းရင်းသားကိုယ်
စားလှယ်များအဖြစ် မြစ်ကြီးနားကိုယ်စားလှယ် ဆမားဒူဝါဆင်ဝါးနောင် ၊ ဒူဝါဇော်ရစ် တို့တက်ရောက်ပြီး
၊ ဗန်းမော်ကိုယ်စားလှယ် ဒူဝါဇော်လွန်း ၊ ဒူဝါလဘန်ဂရောင် တို့တက်ရောက်ခဲ့သည်။ ပင်လုံ
အစည်းအဝေး အပြီးတွင် ဗန်းမော် ကိုယ် စားလှယ်နှင့် မြစ်ကြီးနား ကိုယ်စားလှယ် တို့ အကြားပြဿနာ
ပေါ်ခဲ့ရာ ဒူဝါဇော်လွန်း က ဗန်းမော်မှနေ၍ ဆလန်ကွမ်ရင်ဂမ်ထံစာရေးသည်။ ဒူဝါဇော်လွန်း၏စာတွင်
ကချင်နိုင်ငံရေးကို လူငယ်များ လက်သို့ထိုးအပ် တော့မှာလား ၊ ပြတ်ပြတ်သားသားသိလိုကြောင်း
ဖြင့် စာရေးသည်။ ဆလန်ကွမ်ရင်ဂမ် က ဒူဝါ ဇော်လွန်း အား ဗန်းမော်က လူကြီးများကိုခေါ်ပြီး
မြစ်ကြီးနားသို့ တက်လာကြရန် အကြောင်းပြန်လေသည်။ ဗန်းမော် အဖွဲ့ သည် မြစ်ကြီးနားသို့ရောက်လာပြီး
အစည်းအဝေး ထိုင်ကြသည်။ အစည်းအဝေးတွင် ဗန်းမော် လူကြီးများက ဒူဝါ ဇော်ရစ် အားဝန်ကြီးခန့်သည်
ကို သဘောမတူ သည့် အကြောင်းအပြင်းအထန်ကန့်ကွက် ကြလေသည်။ ဗန်းမော် အဖွဲ့က ဒူဝါ ဇော်ရစ်
နှင့် ပတ်သက်၍ ပြောဆိုရာတွင် ဒူဝါ ဇော်ရစ်သည် Force 136 တွင်အမှုထမ်းခဲ့စဉ် က သူ့လက်အောက်ငယ်သား
များအပေါ် အမှားကျူးလွန်ခဲ့ကြောင်းပြောဆိုလာကြ သည်။ ဗန်းမော်အဖွဲ့သည် Force 136 တွင်အမှုထမ်းခဲ့သော Major ရှန်လွမ့် အား
ကချင်ဝန်ကြီးခန့်လို ကြောင်းတင်ပြကြသည်။ မေဂျာ ရှန်လွမ့် ကိုကချင် ဝန်ကြီး ခန့်ရန်မြစ်ကြီးနား
မှ လူကြီးများ ကသဘောမတူ ဘဲကန့်ကွက်ကြလေသည်။ ထို့ကြောင့် ဆလန်ကွမ်ရင်ဂမ် က ဆမားဒူဝါဆင်ဝါးနောင်
ကို ကချင်ဝန်ကြီးခန့် ရန်အကြံပြုရာ အစ၌ ဗန်းမော်အဖွဲ့ က သဘောမတူသော်လည်း နောက်ပိုင်းတွင်
သဘောတူကြလေသည်။ ကချင် ဝန်ကြီး ဌာနတွင် အမြင့်ဆုံးရာထူး အတွင်းဝန်နေရာ ကို မေဂျာ ရှန်လွမ့်အားပေးပြီး
မေဂျာဇော်ဂျွန်း ကိုမြစ်ကြီးနား အရေးပိုင် ရာထူးပေးကာ ဦးကွမ်ဂျေတောင် ကို တောင်တန်းဝန်ထောက်ပေးသည်။
၎င်း လူကြီး များသည် Force 136 တွင်အမှုထမ်းခဲ့သူများဖြစ်ကြသည်။ ထို့အပြင် မေဂျာရှန်လွမ့်၏
ညီ ဇော်နိုင် ကိုလည်း တောင်တန်းဝန်ထောက်ရာထူးပေး၍ အခြားဗန်းမော် မှ လူငယ်အတော်များများကို
အစိုးရ ဌာန များတွင် နေရာ ပေးခဲ့သည်။ ဆမား ဒူဝါ ဆင်ဝါးနောင် ကို ကချင်ဝန်ကြီးခန့်ရန်
အစည်းအဝေး မှ ရွေးကောက်ပြီးသောအခါ ဆလန်ကွမ်ရင်ဂမ် သည် ဆမားဒူဝါ ဆင်ဝါးနောင်ကို မိမိအိမ်မှာ
ထမင်းကျွေးဧည့်ခံ ဂုဏ်ပြုခဲ့သည်။ ၁၉၄၇ ခုနှစ် ဒုတိယ အကြိမ် ပင်လုံ ညီလာခံအပြီးတငွ် ကချင် နိုင်ငံရေး ခေါင်းဆောင်များက ဆမား ဒူဝါ ဆင်ဝါးနောင် ကိုဝန်ကြီး ရွေး ကောက်တင်မြောက်ခဲ့ပြီး ကချင်နိုင်ငံ ရေးကို လျှောက်လှမ်းခဲ့ ကြောင်းသိရသည်။
*** မှတ်တမ်းပြန်လည်ရေးသားသူ - ကိုချို ၊ မန်ခိန် ။
No comments:
Post a Comment