မြန်မာပြည် လွတ်လပ်ရေးရသောအချိန်တွင်
ကချင် လူဦးရေ ၏ ၉၈ % သည် နတ်စား ကချင်များဖြစ် ကြသည်။ ကျန် ၂% လောက်သာ ခရစ်ယာန်
များဖြစ်သည်။ ခရစ်ယာန် ဘာသာဝင် ကချင်များသည် လူနည်းစု ဖြစ်သော်လည်း သာသနာဆိုင်ရာ
အသင်း အဖွဲ့ များဖွဲ့စည်းကာ စုစုစည်းစည်းနေထိုင်ကြသည်။ ဥပမာ – ခရစ် ယာန်အမျိုးသား
အသင်း ၊ ခရစ်ယာန် အမျိုးသမီးအသင်း ၊ ခရစ်ယာန်လူငယ်များ အသင်းတို့ဖြစ်သည်။
နိုင်ငံရေး အဖွဲ့အစည်းမရှိသေးချေ ၊ ၁၉၄၄ ခုနှစ်တွင် မြစ်ကြီးနားမြို့ကိုဂျပန်
တို့လက်မှပြန်လည်သိမ်းပိုက်ရရှိ သောအခါနယ်မြေအေးချမ်းခဲ့သဖြင့် ထိုနှစ်
ခရစ်စမတ်ပွဲ နှင့် ၁၉၄၅ ခုနှစ် နှစ်ဆန်းပွဲ များတွင် မန်ခရိန်လူငယ် များလည်း
ရွာထဲတွင် ပျော်ရွှင်စွာ သီချင်းဆိုထွက်ကြရာ ကောက်ခံ ရရှိသော အလှူငွေ များကို
ခရစ်ယာန်
လူငယ်များ အသင်းသို့ မအပ်တော့ဘဲ လူငယ်အစည်းအရုံး တစ်ခုဖွဲ့စည်းခဲ့ကြသည်။ ၎င်း လူငယ် အစည်းအရုံး ၏အမည်ကို ကချင်ဘာသာဖြင့် Pawng Yawng Ram Rawt Hpung ဟုခေါ်သည်။ ပေါင်ယောင် တိုးတက်သောလူငယ်များအစည်းအရုံး ဟူသော အဓိပ္ပါယ်ဖြစ်သည်။ မန်ခရိန် ရွာလူငယ်များ အနေနှင့် ပေါင်ယောင် အမည် သုံးကြသည်မှာ ရိုးရိုးသားသားဖြစ်သည်။ အင်္ဂလိပ်ခေတ်က မန်ခရိန် မူလတန်းကျောင်းကို Pawng Yawng Ahtoi Jawng ပေါင်ယောင်အလင်းကျောင်းဟုခေါ်တွင်လေသည်။ ၎င်း စာသင်ကျောင်း၏ အမည် ကိုပေးခဲ့သူမှာ နောင်နိုင်ငံရေးခေတ်တွင် The Kachin National Congress (KNC) အဖွဲ့၏ ဒုဥက္ကဌ ဖြစ်လာသည့် ဦးကြီးထိန်နန် ဖြစ်သည်။ ဤသို့ဖြင့် မန်ခရိန် အလင်းကျောင်းတွင် ပညာသင်ကြားခဲ့သော မန်ခရိန် လူငယ်များသည် ပေါင်ယောင်အမည်ဖြင့် လူငယ်အသင်းကို ဖွဲ့စည်းခဲ့သည်။ ၎င်း လူငယ် အသင်း၏ အမည်ကို ကချင်လို Pawng Yawng Ram Rawt Hpung ဟုခေါ်သည်။ မြန်မာအမည် နှင့် အင်္ဂလိပ် အမည် များမရှိပါ။ အသင်းကိုဦးဆောင်ခဲ့သူမှာ ရွာကလူငယ် မရန်တန်ဖြစ်သည်။ မရန်တန်သည် ခရစ်ယာန်အသင်း၏ သံစုံတီး Choir အဖွဲ့တွင်ပါဝင်သူလည်းဖြစ်သည်။ ၎င်း ၏ အစ်ကို မရန်လ သည် အင်္ဂလိပ် တပ်တွင် အမှုထမ်း သူဖြစ်ပြီး စစ်ဖြစ်လာသော အခါ အိန္ဒိယ သို့ရောက်ရှိသွားကာ အိန္ဒိယ မှ မြစ်ကြီးနားသို့ Captain အဆင့် နှင့် တရုတ်တပ်တွင်ပြန်လည်လိုက်ပါခဲ့ပြီး မြစ်ကြီးနားသို့ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။ မြစ်ကြီးနားသို့ပြန်ရောက်လာပြီးနောက် ကချင်လူငယ်အစည်းအရုံးတငွ် ပါဝင်လှုပ်ရှားခဲ့ကြောင်းသိရသည်။

ဤ ခေတ် အချိန်က ပင်လျှင်ကချင်လူငယ်များ အစည်းအရုံးဖွဲ့၍ လှုပ်ရှားခဲ့ပုံများကို မှတ်သားသိရှိရသည်။
*** မှတ်တမ်းပြန်လည်ရေးသားသူ - ကိုချို ၊ မန်ခိန် ။
No comments:
Post a Comment