Monday, June 17, 2013

ဒုတိယကမ္ဘာစစ်အပြီး မန်ခရိန်ရွာသူ၊ရွာသားများနေရပ်သို့ပြန်လာခြင်း


မန်ခရိန် ရွာသူ ရွာသား များ နေရပ်သို့ပြန်လာခြင်း

          ဒုတိယကမ္ဘာစစ်အတောအတွင်းနှင့်စစ်ပြီးခါစအချိန်ထိ မန်ခရိန် ရွာသူ ရွာသားများ အားလုံး တောပုန်း ရွာတွင် နေထိုင်နေကြဆဲဖြစ် သည်။ ၁၉၄၅ ခုနှစ် မေလကုန်သောအခါ ဆလန်ကွမ်ရင်ဂမ်သည် အမေရိကန် (101) တပ်မှအနားယူ၍ ဗန်းမော်မှမြစ်ကြီးနားသို့ပြန်လာခဲ့သည်။ ထိုနှစ် မိုးကုန် ၍ ဆောင်းဦး ပေါက်သော အခါ မန်ခရိန်ရွာသူရွာသားများ ရွာသို့ ပြန်လာကြသည်။ မန်ခရိန် လီဆူးများ အပါအဝင် ရွာသူ ရွာသား များသည် ဆလန်ကွမ်ရင်ဂမ် အား ရွာ သူကြီး ပြန်လုပ်ရန် တိုက်တွန်းကြသည်။ ဆလန်ကွမ်ရင်ဂမ် သည် ရွာသူကြီး ဆက်မလုပ်သော်လည်း မန်ခရိန်၏ တိုးတက်ရာ တိုးတက်ကြောင်းကိုရှေ့ရှု ကာ ယခင် မန်ခရိန် ကျောင်းပတ်ဝန်းကျင် တွင်နေထိုင်ကြသော အောက်ပါ အိမ်ထောင်စုတို့၏ အိမ်ယာမြေ ကွက်များကို ကျောင်းဝင်းတိုး ချဲ့ရန်ငွေပေး၍ ကျောင်းဝင်း ပုရ၀ုဏ် အဖြစ်ဝယ်ယူခဲ့ကြောင်းမှတ်သားသိရှိရပါသည်။
ထိုမြေကက်ွပိုင်ရှင်များနှင့် ပေးချေခဲ့သော မြေကက်ွတန်ဖိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။
          ၁။ ဆလန် အင်တပ်နော်                              ကျပ် ၁၀၀ . ၀၀
          ၂။ ဆလန်နွမ်လာတူး                                 ကျပ် ၁၀၀ . ၀၀
          ၃။ ဆလန်ကွမ်ဘူရှောင်                               ကျပ် ၁၀၀ . ၀၀
          ၄။ ဆလန်ဖေါင်နန်လ                                 ကျပ် ၁၀၀ . ၀၀
          ၅။ ဆလန်လဖိုင်ရှောင်                                ကျပ်  ၅၀ . ၀၀
          ၆။ အောင်ဆမ်အဘွားကြီး                            ကျပ်  ၅၀ . ၀၀

ဤကဲ့သို့ မြေကက်ွများကိုဝယ်ယူခြင်းဖြင့် ကျောင်းဝင်း ပုရ၀ုဏ် ကိုချဲ့ထင်ွခဲ့ကြောင်းမှတ်သားရပါသည်။

မန်ခရိန် လူငယ် များ နိုင်ငံရေး နိုးကြားလာခြင်း။

          ၁၉၄၆ ခုနှစ် နိုဝင်ဘာလကုန်တွင် ဗိုလ်ချုပ်အောင်ဆန်း မန်ခရိန် ရွာသို့ ရောက်ရှိလာသော အချိန်မှ စ၍ မန်ခရိန် ရွာမှ Pawng Yawng Ram Rawt လူငယ်များသည် နိုင်ငံရေးနိုးကြားလာကာ အမေရိကန်တပ်မှ ပေးသွားသော ဘင်ခရာ ၊ Drum ၊ Bagpipes အိတ်ပုလွေ များတီးမှုတ်ပြီး ရွာထဲ မြို့ထဲ ချီတက်လှည့်လည် ကြ သည်။ ပါးစပ်မှလည်း လွတ်လပ်ရေး ပေး ဟု ကြွေးကြော်ကြသည်။ လူငယ်များ မြို့ထဲ သို့ချီတက်လာသော အခါ လူအများ တပျော်တပါးလိုက်ပါလာသဖြင့် လူအင်အား များလာသည်။ မြို့ထဲ ချီတက်လာသော လူထုကို 2nd Kachin Rifles တပ်မှ တပ်ရင်းမှူး သည် သေနတ်နှင့်ပစ်သတ်မည် ဟုခြိမ်းခြောက်ကြိမ်း မောင်းခဲ့သည်။
        ထိုကဲ့သို့ ပစ်ခတ်ဖြို ခငွ်းမည်ဟု သတိပေးသည့် ကြားမှာပင် မန်ခရိန်လူငယ်များ နိုင်ငံရေး နိုးကြားမှု များကိုပြသခဲ့ကြောင်းမှတ်သားသိရှိရပါသည်။


*** မှတ်တမ်းပြန်လည်ရေးသားသူ - ကိုချို ၊ မန်ခိန် ။


No comments:

Post a Comment