Wednesday, June 5, 2013

ဒုတိယကမ္ဘာစစ်အတွင်းကချင်အမျိုးသားများအမေရိကန် (101) တပ်တွင်တာဝန်ထမ်းဆောင်


အမေရိကန် 101 တပ်စခန်း ဗန်းမော်သို့ ပြောင်းရွှေ့ခြင်း။
၁၉၄၄ ခုနှစ် ဒီဇင်ဘာလ လယ်တွင် မဟာမိတ်တပ်များ ဗန်းမော်မြို့ကို သိမ်းပိုက်ရရှိခဲ့၍ 101 ဌာနချုပ် တပ်စခန်းလည်း မြစ်ကြီးနားမြို့မှ ဗန်းမော် ကုံးမဟတ် ရှမ်းရွာသို့ပြောင်းရွှေ့ခဲ့သည်။ 101 တပ်စခန်း ဗန်းမော် ကုံးမဟတ် ရှမ်း ရွာ၌ရောက်ရှိနေသောအချိန်တွင် စစ်ပြီးဆုံးသောအခါ ကချင်လူမျိုးများကိုစာသင်ကျောင်း အကြီးကြီးဖွင့် ပေးမည်ဟု သမ္မတရိုစ်(စ)ဗဲ့လ်ကတိပေးခဲ့သည်။ ကတိ ပေးခဲ့သော အမေရိကန် သမ္မတ Roosevett သည် ဧပြီလ (၁၂) ရက်တွင်ကွယ်လွန်ခဲ့ ကြောင်းဖြင့်သိရှိရ သည်။
မြန်မာပြည်မြောက်ပိုင်း၌ ဂျပန်တပ်များမရှိတော့သဖြင့် လီဒိုလမ်းမ နှင့် တရုတ် မြန်မာ လမ်းမဆက် သွယ်မိပြီးဖြစ်သဖြင့် တာဝန်များပြီးဆုံးကြပြီဖြစ်သော ကချင်စစ်သားများ သည် ၄င်းတို့ ကိုင်ဆောင်သော သေ နတ်လက်နက်များကို ဆလန်ကွမ်ရင်ဂမ်၏ ရုံးခန်းသို့ လာရောက်အပ်သွားကြသည်။
တစ်နေ့သော် နယ်စီးတောအုပ် ဦးကြီးထိန်နန် အလည်အပတ်ရောက်ရှိလာပြီး ဆလန်ကွမ်ရင်ဂမ်၏ ရုံးခန်းတွင် တောင်လိုပုံနေသော လက်နက်မျိုးစုံကိုတွေ့ရှိ၍ ဆလန်ကွမ်ရင်ဂမ် အား CARBINE သေနတ် တစ်လက်ကိုင်ဆောင်လိုကြောင်းပြောသဖြင့် ဆလန်ကွမ်ရင်ဂမ် သည် ဦးကြီးထိန်နန်ကို ကာဘိုင်သေနတ်တစ်
လက်ပေးလိုက်သည်။ ဦးကြီးထိန်နန် ကာဘိုင် သေနတ်ကိုင်ဆောင်သည်ကိုသူ၏ အထောက်တော် DFO အရာရှိတွေ့ရှိသဖြင့် သူ့အတွက်လည်းတစ်လက်တောင်းရာ DFO အတွက် ကာဘိုင် တစ်လက်ပေးလိုက် သည်။ ထိုနည်းတူ CAPTAIN MAUNG GYI လည်း ကာဘိုင်တစ်လက်ယူသွားသည်။
၁၉၄၅ ခုနှစ် ဇန္န၀ါရီလ တွင် အိန္ဒိယ အာသံ လီဒို မှထွက်လာသော မဟာမိတ်တပ် CONVOY ကားတန်းကြီးသည် ဂျိန်းဖောမြေကိုဖြတ်သန်းကာ ဧရာဝတီမြစ်ကို မြစ်ကြီးနားမြို့အကျဲရွာတွင် PONTOON BRIDGE ဖော့တံတား ပေါ်မှဖြတ်ကူးမောင်းလာပြီး တရုတ်၊မြန်မာ နယ်စပ် WANTING ၀မ်တိန် သို့ ၃၁.၁.၁၉၄၅ နေ့ တွင် ရောက်ရှိလာပြီး ချုံကိန်း မြို့သို့ဆက်လက်ထွက်ခွာသွားသည်။
CAMPAIGN ပြီးဆုံးပြီဖြစ်၍ တရုတ်ပြည် ချုံကိန်းမြို့သို့ဌာနချုပ်စခန်း ပြောင်းရွှေ့ရတော့မည်ဖြစ်သည်။ ထို့ကြောင့် အိန္နိယ BURMA စစ်ဆင်ရေး ဦးစီးချုပ် MAJOR GENERAL SULTAN သည် ကုံးမဟတ်သို့ရောက် ရှိလာသည်။ ဆလန်ကွမ်ရင်ဂမ်သည် မေဂျာဂျင်နရယ် ဆာလ်တန် အား ဆင်စွယ်တစ်စုံ လက်ဆောင်ပေး၍ ကြို ဆိုခဲ့သည်။ မေဂျာဂျင်နရယ် ဆာလ်တန် သည်လည်း အိန္နိယ ပြည်သို့ပြန်ရောက်သော အခါ နယူးဒေလီမြို့ မှနေ၍ ဆလန်ကွမ်ရင်ဂမ် ကို လက်ဆောင်ပို့ပေးခဲ့သည်။ ဆလန်ကွမ်ရင်ဂမ် အား 101 တပ်မှူး COLONEL PEERS ၏ ကိုယ်စား စခန်းမှူး CAPTAIN NIEMCZYK မှ အောက်ပါဆုတံဆိပ်လက်ဆောင်များချီး မြှင့်ပေးသွားသည်။
၁။ CMA တံဆိပ် ( CITATION FOR MILITARY ASSISTANCE )
၂။ နှစ်လုံး ပြူးသေနတ် တစ်လက်
၃။ ပွှိုင့် ၂၂ ရိုင်ဖယ် ( .22 RIFLE ) သေနတ်တစ်လက်
၎။ ငွေဒင်္ဂါး ကျပ် ၅၀၀/-
အထက်ပါဆုတံဆိပ် လက်ဆောင်များအနက် နှစ်လုံးပြူးသေနတ်သည် ကချင်တော်လှန်ရေးကို အကြောင်းပြု၍ တော်လှန်ရေးကောင်စီအစိုးရမှ သိမ်းဆည်းထားခဲ့ ကြောင်းမှတ်သားသိရှိရသည်။


*** မှတ်တမ်းပြန်လည်ရေးသားသူ - ကိုချို ၊ မန်ခိန် ။

No comments:

Post a Comment